သူငယ်တန်း မြန်မာစာ (Grade01-Myanmar)

 

သူငယ်တန်း မြန်မာစာ (Grade01-Myanmar)
သူငယ်တန်းမြန်မာစာဂိမ်းတွင် ကလေးငယ်များ မြန်မာဘာသာကို ပျော်ရွှင်စွာ ဆော့ကစားသင်ယူနိုင်မှာ ဖြစ်ပါတယ်။
ဖတ်စာများ နှင့် ကဗျာများကို ချစ်စရာလှုပ်ရှားမှု ရုပ်ပုံလေးများနှင့်အတူ ကဗျာရွတ်ဆိုသံများ ဖတ်စာရွတ်ဆိုသံများ ပါဝင်ခြင်းကြောင့် ကလေးငယ်များ မှတ်မိလွယ်ကူစေမှာဖြစ်ပါတယ်။
ကလေးငယ်များ၏ မှတ်ဉာဏ်စွမ်းရည်ကို ပြန်လည် စွမ်းသပ်နိုင်ရန် ဂိမ်းကစားနည်းကဲ့သို့သော ဉာဏ်စမ်း စာမေးပွဲအသေးစားများ ၊ စာမေးပွဲတွင် အထောက်အကူပြုပေးနိုင်သော ဂိမ်းများကို ထည့်သွင်းပေးထားပါတယ်။
ကလေးငယ်များ ဖတ်စာများကို ဘယ်လောက်မှတ်မိသလဲဆိုတာ စမ်းသပ်နိုင်ဖို့ မှန်ကန်သော ပုံကိုရွေးချယ်ရသော ဂိမ်းများ၊ ကွက်လပ်ဖြည့် ဂိမ်းများ၊ မှား/မှန် ရွေးချယ်ရသော ဂိမ်းများ အစရှိသော ဂိမ်းများ၊ မြန်မာအရေးအသားတိုးတက်စေရန် မြန်မာစာ စကားလုံးပေါင်း သတ်ပုံများကို မှန်ကန်စေရန် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ရသောဂိမ်းများ အစရှိတဲ့ ဂိမ်းပုံစံ မျိုးစုံ ပါဝင်ပါတယ်။
ဂိမ်းများအားလုံးကို ဖတ်စာနှင့် ကဗျာထဲမှ စာများကိုပဲ ဉာဏ်စမ်း ဂိမ်းလေးများအဖြစ် ပြုလုပ်ပေးထားပါတယ်။


ဆော့ဝဲလ်ကိုဒီမှာဒေါင်းပါ - https://bit.ly/33YekQN



အဆင်ပြေကြပါစေ...
#ဆော့ဝဲလ်မြို့တော်



Post a Comment

0 Comments