သင်ဟာ Phone နဲ့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတစ်‌ယောက်လား?

သင်ဟာ Phone နဲ့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတစ်‌ယောက်လား?
=====================================
အဲ့တာဆိုရင်‌တော့ ဒီ post လေးက သင့်အတွက်ဖြစ်မှာပါ။
သင့်ဖုန်းနဲ့ ဖမ်းယူရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံတွေကို ပိုပြီးအသက်ဝင်ပီပြင်လာအောင် ဖန်တီးနိုင်မယ့် application (၃) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သင့်ရဲ့ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေကို အောက်ပါ application (၃) ခုနဲ့ပေါင်းစပ် စမ်းစစ်ကြည့်လိုက်ပါ။
Snapseed
Snapseed app ကတော့မြန်မာနိုင်ငံကလူတွေတကယ်အသုံးများသလိုလူကြိုက်များတဲ့ app တစ်ခုလည်းဖြစ်ပါတယ်။ Snapseed ကို Google မှပိုင်ဆိုင်တာဖြစ်ပြီး exposure နှင့် color tool တော်တော်များများ ပါဝင်ရုံသာမက ရွေးချယ်စရာ filter တွေလည်းစုံလင်ပါတယ်။ layer ခွဲခြင်းအပြင် စိတ်ဝင်စားစရာကောင်းသော ဖန်တီးမှုတွေအတွက် effect တွေလည်း စုံလင်လှပါတယ်။ အကောင်းဆုံးတစ်ခုကတော့ Snapseed app ကို Play Store မှာရော App Store မှာပါ free ရယူနိုင်တာပဲဖြစ်ပါတယ်။

Lightroom
Adobe ကပိုင်ဆိုင်တဲ့ Lightroom app ကတော့ professional ဓာတ်ပုံဆရာ တော်တော်များများ PC မှာ မရှိမဖြစ် အသုံးပြုနေတဲ့ app ဖြစ်ပြီး mobile photography တွေလည်းတူတူပဲဖြစ်ပါတယ်။ PC ကဲ့သို့ သင့်ပုံကို ဖန်တီးမှုကောင်းကောင်းပြုလုပ်နိုင်မှာပဲဖြစ်ပြီး device တစ်ခုမှာ လုပ်လက်စသည် cloud ပေါ်သို့ sync ဖြစ်သောကြောင့်တခြား device မှာလည်း အဆင်သင့် ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Lightroom app ကို iOS နဲ့ Android မှာ free ရနိုင်ပြီး function အစုံအလင်ရဖို့အတွက် ၁လကို 4.99 ‌‌ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Adobe Photoshop Express
Adobe Photoshop Express မှာလည်း Lightroom မှာပါတဲ့ feature တော်တော်များများ ပါဝင်ပြီး professional tools နှင့် cloud syncing ကိုတော့ လစဉ်ကြေးပေးပြီး မှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပုံကို edit လုပ်ရာမှာ တကယ်ကို အသုံးတည့် ကောင်းမွန်တဲ့ tools တွေပါဝင်ပြီး Filter, overlay textures, collage တွေလည်းသုံးလို့ရမှာဖြစ်ပါတယ်။

Adobe Photoshop Express - https://vk.com/wall-184849510_751

အဆင်ပြေကြပါစေ...
#ဆော့ဝဲလ်မြို့တော်

Post a Comment

0 Comments