ခရီးသွား မှတ်စု (ExpressWay Note) App သည် သုံးစွဲသူ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း
ခရီးသွား မှတ်စု (ExpressWay Note) App သည် သုံးစွဲသူ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။
ခရီးသွားလာရာတွင် Internet ဖွင့်၍ မြေပုံအား အသုံးပြုကာ မိမိတို့ ဆန္ဒရှိသော နေရာများကို မှတ်သားထားနိုင်ခြင်း၊
၎င်း မှတ်သားထားသော နေရာများနှင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များသို့ လမ်းကြောင်းများ ဆွဲကြည့်၍ ခန့်မှန်း အကွာအဝေး မိုင်နှုန်းနှင့် ကြာချိန်အား ကြည့်ရှုနိုင်ခြင်း၊
မိမိတို့ မကြာခဏ ကြည့်လိုသော လမ်းကြောင်းများကိုလည်း သိမ်းဆည်းထားနိုင်ခြင်း၊
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ အနီးဆုံး မိုင်တိုင်များကို ယခု App ဖြင့် Internet အသုံးပြုရန် မလိုဘဲ GPS ဖွင့်၍ ကြည့်ရှုနိုင်ခြင်း၊
ခရီးသွားလာရာတွင် မိမိယာဉ်နှင့် အနီးဆုံးဖြစ်သော မြို့နယ်အမည်ကို Internet မလိုဘဲ GPS အသုံးပြု၍ သိရှိနိုင်ခြင်း၊
ယာဉ်စီးနှင်းရာတွင် ယာဉ်၏ ခန့်မှန်း အမြန်နှုန်းအား Internet ဖွင့်ကာ မြေပုံ အသုံးပြု၍ ကြည့်ရှုနိုင်ခြင်း၊
မိမိ သွားရောက်လိုသော နေရာ ထည့်သွင်းထား၍ ၎င်းနေရာသို့ မရောက်မီ ကြိုတင် အသိပေးနိုင်သော GPS Alarm စနစ် ပါရှိခြင်း၊
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ရှိသော အဝေးပြေးစခန်းများရှိ ယာဉ်လိုင်းများ၏ ဖုန်းနံပါတ်များအား ယာဉ်လိုင်း သို့မဟုတ် အဝေးပြေးစခန်း သို့မဟုတ် မြို့နယ်အလိုက် ကြည့်ရှုနိုင်ခြင်း၊
အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော အမြန်လမ်းပေါ်ရှိ ရဲစခန်း ဖုန်းနံပါတ်များ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ရဲစခန်း ဖုန်းနံပါတ်များအား Facebook Page မှ တွေ့ရှိ၍ App တွင် စုစည်း ထည့်သွင်းပေးထားခြင်း၊
မိမိ ရောက်ရှိနေသော နေရာကို မိတ်ဆွေများထံသို့ ပေးပို့ခြင်းနှင့် မိတ်ဆွေများမှ ပေးပို့လာသော တည်နေရာများကို ထည့်သွင်း၊ မှတ်သား၊ လမ်းကြောင်းများ ဆွဲကြည့်နိုင်ခြင်း၊
အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် မိမိတို့အား ဆက်သွယ်နိုင်သော ဖုန်းနံပါတ်၊ တည်နေရာများကို ယခု App တွင် အခမဲ့ ထည့်သွင်းနိုင်ပါသည်။
မှတ်ချက်။ မြေပုံအသုံးပြုပါက မိမိဖုန်း၏ GPS ကို ဖွင့်ပေးပါရန်။
ဝေဖန် အကြံပြုချက်များကို ကြိုဆိုလျှက်ပါ။
ဆော့ဝဲလ်ကိုဒီမှာဒေါင်းပါ - https://vk.com/wall-184849510_722
အဆင်ပြေကြပါ‌စေ..
#ဆော့ဝဲလ်မြို့တော်
<Zawgyi>
အဆင်ပြေကြပါ‌စေ..
#ဆော့ဝဲလ်မြို့တော်
Post a Comment
0 Comments